"သူငယ်ချင်း"
သူငယ်ချင်းရေ
တို့နှစ်ယောက်ကြားမှာ
ဘာများခြားနားထားလေသလဲ
ငါကိုယ်တိုင်လည်းနားမလည်
အဖြေကလည်းခက်မယ်ထင်ပါရဲ့ကွယ်
သူငယ်ချင်း ငါတို့နှစ်ယောက်ရဲ့ကြား
မမြင်နိုင်တဲ့သံယောဇဉ်
ရင်တွင်းချစ်ခြင်းကို
အသက်သွင်းပြီး ရှင်သန်လာခဲ့တာ
မင်းလဲသိဖို့မျှော်လင့်တယ်
သူငယ်ချင်းဆိုတဲ့ အမည်ဂုဏ်ပုဒ်ရဲ့နောက်
် စည်းစဖောက်ခဲ့တဲ့ငါ့ကို
အပြစ်ပေးရက်မယ်ဆိုလည်း
ကျေကျေနပ်နပ်ငါခံယူပါမယ်
ဒါပေမယ့်နင်မုန်းတော့မမုန်းလိုက်ပါနဲ့
မင်းရဲ့အပြုံးများစွာက
ို ငါအရှုံးများစွာနဲ့ ငါယစ်မူးခဲ့တာမို့
အဆုံးသတ်ကိုအမုန်းဇာတ်ဖြစ်မှာတော
့
ငါကြောက်တယ်......
သူငယ်ချင်းရေ........
ရာသီတွေပြောင်း
အချိန်အခါတွေသာနှောင်းသွားပေမယ့်
ပြောင်းမသွားလေတဲ့ငါ့ချစ်ခြင်းကို
ငါဆက်သိမ်းထားဦးမယ်
ရင်ဖွင့်လိုက်ချင်ပေမယ့်
မင်းရဲ့မုန်းကိုကြောက်နေခဲ့
ပြောမထွက်ခဲ့လေတဲ့
အုံ့ပုန်းတစ်ယောက်ရဲ့အချစ်
1500စစ်စစ်ကို ငါထာဝရဆက်သိမ်းထားပါ့မယ်လေ
.....................................................................................
"တမ်းတအလွမ်း"
အချစ်ရယ်
်တစ်ခါတစ်လေမှာအတူတူ
တစ်ခါတစ်လေမှာတစ်ယောက်တည်းပေါ့
မတွေ့ရတဲ့ရက်တွေအထွေထွေမှာတော့
ငါတွေဝေကာနေခဲ့ရတာလွမ်းလို့ဆိုတာ
မင်းမသိနိုင်တော့ဘူး
မင်းကြည့်နေမှာလား
နေ၀င်ချိန်ဆိုရင်
ငါ့အလွမ်းတွေပီပြင်အောင်
် ငှက်ကလေးတွေကတေးဆိုတယ်
လေညှင်လေးတွေကပုတ်ခတ်တယ်
ငါကလည်းမရုန်းရက်တဲ့
ဒီသံယောဇဉ်တွေကြားမှာနေရတာ
ငါ့ကိုငါလည်းကျေနပ်တယ်
မင်းခွင့်လွှတ်မှာလား
မိုးရာသီရဲ့မိုးစက်တွေကြားမှာ
ငါရိုးသားစွာအလွမ်းတွေနဲ့
မင်းပေးတဲ့အမှတ်တရတွေ မိုးရေထဲမျောလိုက်ဖို့
ငါစိတ်ကူးဖူးတယ်
ဒါပေမယ့် မရှိတဲ့မင်းကို မေ့ဖို့ကလည်း
ငါ့မှာခက်လွန်းတယ်
မင်းရောတခြားကမ္ဘာကနေ လွမ်းနေမလား
ငါကတော့လှမ်းနေကျလမ်းတွေမှာ
ဆောင်းဦးရဲ့နှင်းစက်တွေကြား
ရိုးရိုးသားသားနဲ့ငါလွမ်းတယ်ကလေးရယ်
အချစ်ရေ............. ငါလေ
ငါရှာနေတဲ့နှင်းစက်တွေရဲ့ကြားမှာ
မင်းကိုမတွေ့နိုင်ဆိုတာသိလည်း
ငါဆက်ရှာနေဦးမယ် ရာသီတွေတစ်ပတ်လည်လဲ
ဒီနှင်းစက်တွေကြားမှာ ငါရှာနေဦးမယ်
မင်းကိုမတွေရလည်း ဘယ်မှမထွက်သွားပဲ
မင်းဝိညာဉ်နဲ့အတူ ငါထာဝရရှင်သန်ဦးမယ်အချစ်ရယ်။
.....................................................................................
0 လိုမြင်ကြတယ်:
Post a Comment